" မင်္ဂလာပါ " သတင်းကွန်ယက် မီဒီယာ ဝက်ဆိုက်အား အချိန်မှီ ဖွင့်လှစ်နိုင်ရန်အတွက် ပြုပြင်လျှက် ရှိနေပါသည်။ အလည်ရောက်လာကြသော စာဖတ်ပရိတ်သတ်များ တစ်ခုခု အဆင်မပြေပါက သည်းခံ နားလည်ပေးပါရန် တောင်းပန်အပ်ပါသည်။ ကျေးဇူးတင်စွာဖြင့် * သတင်းကွန်ယက် မီဒီယာ *

Friday, September 23, 2011

မော်ဒယ်လ်ဖြစ်သွားသော လေယာဉ်မယ်များ



မက်ဒရစ်။ ။ (၉) လစာ လုပ်ခ မရရှိသော စပိန်လေကြောင်းတစ်ခုမှ လေယာဉ်မယ်များသည် ၎င်းတို့ ရင်ဆိုင်နေရသည့် အခက်အခဲကို လူအများ အာရုံစိုက်လာ စေရန် ရည်ရွယ်လျက် အဖော်အချွတ် ပြက္ခဒိန် ရိုက်ကူးခဲ့ကြောင်း လေယာဉ်မယ်တဖြစ်လဲ မော်ဒယ်များအနက်တစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောသည်။
စပိန်မီဒီယာများစွာ၌ ဖော်ပြခဲ့သော အဆိုပါပြက္ခဒိန်တွင် အဲယားကောမက် (Air Comet) လေကြောင်းလိုင်းမှ လေယာဉ်မယ်များသည် လေယာဉ်အတွင်းပိုင်း၊ အပြင်ဘက်ပိုင်းနှင့် ဂျက်လေယာဉ်အင်ဂျင်တစ်လုံးပေါ်တို့တွင် နေရာယူကာ လိင်စိတ် နိုးကြွစေသောပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
“ကျွန်မတို့ ရသင့်တဲ့ ရပိုင်ခွင့်ကို တောင်းဆိုနေတာဖြစ်ပါတယ်။ ကျွန်မတို့ တစ်ဦးစီဟာ (၈) လ၊ (၉) လစာလောက် လခတွေ မရကြသေးဘူး” ဟု ပြက္ခဒိန် ထဲတွင် ပါဝင်ခဲ့သူ အက်ဒရီယာနာ ရီကာဒိုက ရိုက်တာသို့ ပြောကြားခဲ့သည်။
ဂျာမန်ဘဏ်တစ်ခုဖြစ်သည့် HSH Nordbank ၏ တောင်းဆိုမှုအရ ဗြိတိန် တရားရုံးက Air Comet ၏ လေယာဉ်များအနက် (၉) စင်းကို သိမ်းဆည်းခဲ့သည်။ အခက် အခဲများစွာ ကြုံတွေ့နေရသော စပိန်လုပ်ငန်းရှင်များအဖွဲ့ CEOE ဥက္ကဋ္ဌ ဂျာရာဒိုဖာရန် ဦးဆောင်နေသည့် Air Comet သည် ဒီဇင်ဘာလက ကြီးကြပ်ကွပ်ကဲမှု ရရှိရန် လျှောက်ထားခဲ့ကြောင်း သိရသည်။

မင်းသက်စံ
Ref: Reuters

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More